အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

အလုံ ဖေဖော်ဝါရီလ ၁၆

၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီ  ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာ လေ့ကျင့်၊ ဆောင်းမှာ စစ်ဆေး/အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့၀င်များသည် အလုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းချက်ဆောင်များမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ အသင့်ဆောင်ရွက်ထားရှိမှုများ၊မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု(စနစ်ကျ /မကျ)များစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)