သနပ်ပင်မြို့နယ်၌ နယ်လှည့်‌ဆေးကုသခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သနပ်ပင် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်းထက်က တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား လုံခြုံရေးဆိုင်ရာကိစ္စများ၊ နေထိုင်စားသောက်ရေးဆိုင်ရာကိစ္စများအား ဌာနအလိုက်လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းများ ဆွေးနွေးခဲ့သည်။ ထို့နောက် သနပ်ပင်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်းက လာရောက်ကု‌သပေးမည့် ရောဂါများအကြောင်းပြောကြားခြင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် နယ်လှည့်ဆေးကုသမှုလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)