ရန်ကုန်(ထန်းတပင်) ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမျာအား Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကိုဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဘူးသနွတ်ကျေးရွာအုပ်စု၊ ရခိုင်စုကျေးရွာတွင် Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ် ဆောင်ရွက်ပေးရာတွင်လည်း မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်၊ ဦးစီးအရာရှိဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလက်လှမ်းမီစေရန်၊ အုပ်ချုပ်မှုဆိုင်ရာဝန်ထုတ်ဝန်ပိုးများကို လျော့ချနိုင်စေရန်၊ Mobile Financial Payment စနစ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချေးငွေထုတ်ယူရာတွင်လည်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းဆောင်ရွက်သူ စုစုပေါင်း(၈၇)ဦးတို့မှ ငွေကျပ်(၃၅.၅)သိန်းကိုချေးယူခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)