မိုးမောက်မြို့၊ ကြံခင်းကျေးရွာ၌ ဆောင်းသီးနှံ သီးထပ်မြေပဲ စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု

မိုးမောက်  ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်  ၊  မိုးမောက်မြို့နယ်    နိုင်ငံစီးပွားမြင့်တင်ရေး  ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့်  မံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာ ပိတောက်ရိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း  သမဝါယမအသင်းရှိ   အသင်းသား တောင်သူများ၏  ဆောင်းသီးနှံသီးထပ်အဖြစ်  မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေအား  မြို့နယ်သမဝါယမဦးစီးဌာန  ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့  နံနက်(၁၀)နာရီတွင်  ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။

အဆိုပါ အသင်းရှိ  အသင်းသား (၆၂)ဦးမှ မိုးစပါးရိတ်သိမ်းပြီးနောက်  ဆောင်းသီးနှံ သီးထပ်အဖြစ်  မြေပဲ(၁၃၁)ဧက  စိုက်ပျိုးထားပြီးဖြစ်ရာ ဧပြီလကုန်တွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)