သာယာဝတီ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အလယ်တန်းအဆင့် ရေးဖြေပြိုင်ပွဲကို ခေါင်းစဉ် (၆) မျိုး ပေးထားပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများမှ ယှဉ်ပြိုင်ကြပြီး ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)