သံတောင်ကြီး ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခြေခံပညာအထက်တန်း ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer)ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇေယျာဦးက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးများနှင့် ကျောင်းဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (pfizer) ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအမျိုးအစားများအလိုက် စတုတ္တအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအကြိမ်တွင် ကိုဗစ်-၁၉ဂေါကာကာကွယ်ဆေး(Pfizer)ကို ပဉ္စမအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ထံမှ သိရသည်။
နော်နော်မူ