ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို အမှတ် ၊ ၅၊ ၈၊ ၉၊ ၁၁၊ ၁၂၊ ၁၃၊ ၅၂၊ ၁၂၀၊ ၁၃၃၊ ၁၅၆ ရပ်ကွက်တို့၌ ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို အဖွဲ့ (၁၂)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ(၁၁၅၉)၊ အိမ်ထောင်စု(၁၃၂၀)စု၊ ကျား(၂၆၂၅)၊ မ (၃၀၆၆)၊ စုစုပေါင်း (၅၆၉၁)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့၀င်များကကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ