အင်္ဂပူ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(မဲ) ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(မဲ)ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ကွင်းအမှတ်၆၄၈၊ ဦးပိုင်- (၁)ရှိ တောင်သူဦးအောင်ဇော်ဝင်း၏ လယ်မြေ (၄.၁၉) ဧကတွင် နွေစပါးမျိုးစေ့ချ ကိရိယာ (စက်ဆွဲ)ဖြင့် စိုက်ပျိုးခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာ (စက်ဆွဲ)ဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြိုနယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များက ကြည့်ရှုအား ပေးခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းနိုင်က အစေ့ချကိရိယာ(စက်ဆွဲ) ဖြင့် စိုက်ပျိုးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)