ညောင်ဦး ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေစည်းခုံဘုရားကြီး တောင်ဘက်ရှေးဟောင်းစောင်းတန်းနှစ်ခုအတွင်းနှင့် ရှစ်မျက်နှာဘုရားတို့တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စီမံအဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးတောင်ဘက်ရှေးဟောင်း စောင်းတန်းနှစ်ခုကြားနှင့် ရှစ်မျက်နှာဘုရားတို့တွင် အမှိုက်သရိုက်များ၊ ပေါင်းမြက်များ၊ ကန္တာရပင်များနှင့် ခြုံ နွယ်ပိတ်ပေါင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပေါင်းမြက်များ၊ သစ်ပင်ခြုံနွယ်များအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်တို့ဖြင့် ရှင်းပြီးသား ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်များအား စည်ပင်သာယာရေး အမှိုက်ကျင်းသို့ ပို့ဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း