ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံစုံဧက ၃၃၈၅၁ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဆီထွက်သီးနှံစုံဧက ၂၃၂၉၇ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူသီးနှံ ဝင်ငွေတိုးပွားစေရန်အတွက် မြေပဲ ၂၉၃၈ ဧက၊ နှမ်း ၁၅၇၄၂ ဧက၊ နေကြာ ၁၅၀၅၀ ဧက၊ ပန်းနှမ်း ၁၂၁ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံဧက ၃၃၈၅၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ အဆိုပါ ဆီထွက်သီးနှံစိုက်ခင်းများအနက် ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအနေဖြင့် မြေပဲ ၁၇၅၅ ဧက၊ နှမ်း ၁၅၇၄၂ ဧက၊ နေကြာ ၅၈၀၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံဧက ၂၃၂၉၇ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်မှာ ဆီထွက်သီးနှံစုံဧက ၃၁၆၀၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှုအနေနဲ့ မြေပဲ ၂၉၃၈ ဧက၊ နှမ်း ၁၅၇၄၂ ဧက၊ နေကြာ ၁၅၀၅၀ ဧက၊ ပန်းနှမ်း ၁၂၁ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံဧက ၃၃၈၅၁ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဆီထွက်သီးနှံစုံများတွင် ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ ဆီထွက်သီးနှံစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအနေနဲ့ မြေပဲ ၁၇၅၅ ဧက၊ နှမ်း ၁၅၇၄၂ ဧက၊ နေကြာ ၅၈၀၀ ဧက စုစုပေါင်း ၂၃၂၉၇ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ဆိုရင် မြေပဲသီးနှံက တစ်ဧက ပျမ်းမျှ ၅၂ ဒသမ ၂၅ တင်း၊ နှမ်းသီးနှံက တစ်ဧက ပျမ်းမျှ ၈ ဒသမ ၂၅ တင်း ၊ နေကြာသီးနှံက တစ်ဧက ပျမ်းမျှ ၁၈ ဒသမ ၂၅ တင်း ထွက်ရှိပါတယ်။ ဒေသခံတောင်သူတွေ သီးနှံရိတ်သိမ်းခြွေလှေ့ရာ၌ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် အချိန်မီစနစ်တကျ ရိတ်သိမ်းခြွေလှေ့ခြင်းနည်းစနစ်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများကို မျိုးကောင်းမျိုးသန့် ရွှေးချယ်စိုက်ပျိုးရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ သဘာဝဓာတ်မြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲတတ်စေရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)