ကန့်ဘလူ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာ ကျောင်းများ၌ကျောင်းတွင်းစစ် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ဆင့်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင် ဖြေဆိုခဲ့ရာ ယနေ့တွင် အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယနေ့ဖြေဆိုပြီးစီးခဲ့သော အခြေခံပညာကျောင်းများ၌ အလယ်တန်းဆင့်နှင့်အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအနေဖြင့် အလယ်တန်းဆင့်တွင် စာရင်းရှိ ကျောင်းသားကျောင်းသူ ၂၈၇၉ ဦးရှိပြီး ဖြေဆိုသူ ၂၆၃၃ ဦး၊ ပျက်ကွက်သူ ၂၄၆ ဦး၊ အထက်တန်းဆင့်တွင် စာရင်းရှိ ကျောင်းသားကျောင်းသူ ၂၁၄၅ ဦးရှိပြီး ဖြေဆိုသူ ၂၀၀၇ ဦး၊ ပျက်ကွက်သူ ၁၃၈ဦးရှိကာ စုစုပေါင်း ၄၆၄၀ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)