သာယာဝတီမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပုံပြောပြိုင်ပွဲကျင်းပ

သာယာဝတီ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများပုံပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့​သည်။

ပုံပြောပြိုင်ပွဲတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက Community Centre တွင် ပြိုင်ပွဲများ ကျင်းပပေးနေမှုများအကြောင်းနှင့် ပုံပြောပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပုံပြောပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပုံပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးနှင့်တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)