အင်္ဂပူမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းဆောင်ရွက်

အင်္ဂပူ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း‌အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်‌ထရောနစ် မဲပေးစက်ဖြင့် လက်တွေစမ်းသပ်‌မဲ‌ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနိုင်‌ရေးအတွက် ပြည်ထောင်စု‌ရွေးကောက်ပွဲ‌ ကော်မရှင်အနေဖြင့် စီစဉ်ဆောင်ရွက်နေမှုများကို ဌာန ဆိုင်ရာများ၊ နိုင်ငံ‌ရေးပါတီများ၊ မဲဆန္ဒရှင်ပြည်သူများမှ (MEVN)စက်များဖြင့် စမ်းသပ်မဲ‌ပေး သရုပ်ပြနေမှုများအား လေ့လာသိရှိနိုင်စေရန် အသိပညာပေးရမည့် အခြေအနေများအား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးအောင်ကျော်မိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ မဲပေးမှု အဆင့်ဆင့်အား Power Point presentation ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၃)စုမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကတာဝန်ရှိသူများမှ ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)