မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ် ဦးတူဂျာ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ (၂၁) ရက် မွန်းလွဲပိုင်းက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဂျုနီယာစတား ဘောလုံးအသင်းနှင့် နောင်ရာ ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ နောင်ရာအသင်းက (၆ ဂိုး - ၁ ဂိုး)ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပြ အကောင်းဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆု၊ အနောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ အရှေ့တန်း အကောင်းဆုံးဆု၊ ပွဲစဉ်တစ်‌‌လျှောက် အကောင်းဆုံးဆု၊ ပွဲစဉ်တစ်‌လျှောက် ဂိုးသွင်းအများဆုံးဆုနှင့် အသန့်ရှင်းဆုံး အသင်းဆု ရရှိသူများကို ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုရ (U25 FC) ဘောလုံးအသင်းနှင့် ဒုတိယဆုရ (Kachin Youth FC) ဘောလုံးအသင်းတို့ကို တစ်ဦးချင်း လည်ဆွဲနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရ နောင်ရာ (NAU Ra FC) ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲ၊ ငွေသားဆုနှင့် ဆုဖလားကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)