မန္တလေးမြို့ ဌာနဆိုင်ရာများသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာငှားဆောင်ရွက်ပေး

မန္တလေး ဖေဖော်ဝါရီ ၂၇

အများပြည်သူ စာပေဗဟုသုတ ရရှိစေရန်၊ ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားစေရန်၊ မိမိတို့ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်၊ စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်စာ‌စောင်များ ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ (၃၅၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခု ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာနှင့် ရပ်ကွက်များအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)