ဗဟန်းမြို့နယ် မြို့မ​စျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

 ဗဟန်း ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ​ရွှေနုံ့သာရပ်ကွက်၊ မြို့မ​စျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဗဟန်းမြို့နယ် ဒုမီးသတ်ဦးစီးမှုး ဦးမိုးကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မီးသတ်ဦးစီးမှူးက မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများနှင့် မီးဘေးအန္တရာယ်ကြောင့် ပစ္စည်းဥစ္စာများသာမက အသက်ပါ ဆုံးရှုံးတတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အမြန်ဆုံး မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုငြှိမ်းသတ်ခြင်းနှင့် ဂတ်(စ်)မီးဖိုတွင် မီးအသုံးပြုစဥ် မီးလောင်မှုဖြစ်ပွားပါက  မီးငြှိမ်းသတ်ခြင်းများကို ရှင်းလင်းပြောကြား၍ စည်ပင်သာယာ​ရေး ဝန်ထမ်းများ၊ ရပ်ကွက်မှ တာဝန်ရှိသူများနှင့်အတူ ရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဗဟန်းမြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီမှ ဝန်ထမ်းများ​၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းတို့ တက်ရောက်ခဲ့ကြသည်။

ကြည်​ဇေ​သော် (ပြန်/ဆက်)