ကလောမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၁ / ၂၀၂၄ ဖွင့်ပွဲကျင်းပ

ကလော မတ် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း ၁/၂၀၂၄ ဖွင့်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် ယနေ့ခေတ်လူငယ်လူရွယ်များ အသိပညာများအပြင် အတက်ပညာကိုပါ လက်တွေ့ကျကျအသုံး ချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် စသည်တို့ကို သင်တန်းအဖွင့်အမှာစကား အပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတို့ကို ၂၀၂၄ ခုနှစ်မတ်လ ၁ ရက်နေ့မှစ၍ ဧပြီလ ၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)