အုတ်တွင်း မတ် ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေနှင့် အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ခရိုင်နိုင်ငံ့စီးပွား မြှင့်တင်ရေးကြီးကြပ်မှုကော်မတီ (ခေတ္တ)ဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များသည် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကြက်တက်ညောင်ပင် ကျေးရွာအုပ်စု ကြက်တက်ညောင်ပင်ကျေးရွာမှ တောင်သူဦးစိုးလေး၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးဧက(၅၀)စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ပေါက်တောကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာမှ မွေးမြူရေးလုပ်ငန်းရှင်ဦးဧကို၏ အသားတိုးကြက်ကောင်ရေ(၃၀၀၀) မွေးမြူထားမှု၊ ဦးသိန်းလွင်၏ အသားတိုးကြက်ကောင်ရေ(၃၀၀၀)မွေးမြူထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းတိုးတက်မှု အခြေအနေများအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)