မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂ဝ၂၄) သင်တန်းဆင်းပွဲ ကျင်းပ

မိတ္ထီလာ မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၄)ကို မိတ္ထီလာတက္ကသိုလ်မှ ရက်သတ္တပတ် တစ်ပတ်တာဖွင့်လှစ်ပို့ခဲ့တာဖြစ်ပြီး ဘာသာ ရပ်ပေါင်းစုံက ကျောင်းသူကျောင်းသား သင်တန်းသူ သင်တန်းသား ၃၇၄ ဦးတက်ရောက်ခဲ့သည်။ သင်တန်းမှာ လက်နက်မဲ့အခြေခံစစ်ရေးပြ၊ လူနာထမ်းစင် တင်နည်း၊ ထိခိုက်ဒဏ်ရာကို ပတ္တီးစည်းနည်း၊ အရေးပေါ်လူနာအား ရှေးဦးပြုစုနည်း စတဲ့သင်ခန်းစာတွေကိုစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး  သင်တန်းအရည်ချင်း စစ်စာမေးပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်ဟု  ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးကပြောသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသူသင်တန်းသူများက ထိခိုက်ဒဏ်ရာကို ပတ္တီးစည်းနည်းကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး သင်တန်းသူသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ