ရွှေသောင်ယံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ-ထ-က ရွှေသောင်ယံစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်

ရွှေသောင်ယံ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရွှေသောင်ယံမြို့ အ-ထ-က ရွှေသောင်ယံစာစစ်ဌာနတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စာစစ်ဌာနများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ချောင်းသာမြို့ ဒု-မီးသတ်ဦးစီးမှူး ဦးချစ်သဲမောင်နှင့် ရွှေသောင်ယံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရဲဘော်များ၊ ရွှေသောင်ယံမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊‌ ရွှေသောင်ယံနယ်မြေစရဲခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့တို့ မှ အ-ထ-က ရွှေသောင်ယံစာစစ်ဌာနရှိ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံကာ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သော စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်ရာတွင် မီးသတ်ဆေးဘူးများ ကောင်းမွန်ခြင်းရှိ/မရှိ၊ မီးခလုပ်များကောင်းမွန်ခြင်းရှိ/မရှိ၊ မီးကြိုးများကောင်း မကောင်း၊ မီးချိတ်၊ မီးကတ်များ၊ ရေကန်များအား ကျောင်းအုပ်ဆရာမကြီးနှင့်အတူ လိုက်လံစစ်ဆေးပြီး စာဖြေခန်းအတွင်းအပြင်နှင့် ဆရာ၊ ဆရာမများ၏ အဆောင်များတို့တွင်လည်း မီးသုံးစွဲမှုအခြေအနေများအား လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)