Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးတွင် စိုက်ပျိုးနည…
Mar 06,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့်အတူ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို ပူးပေါင်းစီစဉ်ကျင်းပသည့် ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၉၀)၊ တောင်သူ ဒေါ်မာမာတင်ပါ တောင်သူ (၂၄) ဦး၏ နွေစပါးတွင် ဆာဖိုးသာစပါးမျိုး အကွက် ကျယ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ တက်ရောက်လာသော နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ ကျောင်းသား၊ ကျောင်းသူ (၄၆၄) ဦးရှိ
Mar 06,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများအလိုက် ကျင်းပမည်ဖြစ်ရာ ကသာခရိုင်အတွင်းတွင် စာစစ်ဌာန (၃)ခု ဖွင့်လှစ်ဖြေဆိုသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့တွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲ ကျင်းပ
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာမေးပွဲကို မတ်လ ၄ ရက်နေ့မှစတင်၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပြန့်ပွားစေရေးနှင့် သာသနာတော်၏ မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ဩဝါဒဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလအသင်း၏ (၂၁)ကြိမ်မြောက် အာဂုံပြန်/ရေးဖြေစာမေးပွဲကြီးကို ပြည်လုံးချမ်းသာ အေးစေတီဓမ္မာရုံအတွင်းတွင် ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌလမ်းညွှန်မှုနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်း၏ ကြီးကြပ်မှုဖြင့် မတ်လ ၄ရက်နေ့မှ ၆ရက်နေ့အထိ (၃)ရက်အကြာ ဂျာမနီနိုင်ငံထုတ် Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထပ်ဆောင်းထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမများနှင့်ဝန်ထမ်းများက ဆေးရုံသစ်အဆောင်အတွင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ကြပ်နားအုပ်စု၊ တောင်ရွာကျေးရွာဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၃ ခုဖွင့်လှစ်
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုကြရမည်ဖြစ်ရာ ဟင်္သာတမြို့နယ်အနေဖြင့် မြို့ပေါ်တွင် စာစစ်ဌာန ၄ ခုနှင့် နယ်ကျောင်းများအတွက် စာစစ်ဌာန ၉ ခု စုစုပေါင်း ၁၃ ဌာန ဖွင့်လှစ်ဖြေဆိုကြရမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တာလေတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 06,2024
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို မတ်လ ၅ ရက်နေ့ ညနေ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၁) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9442
Page
9443
Page
9444
Page
9445
Current page
9446
Page
9447
Page
9448
Page
9449
Page
9450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department