Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်စစ်ဆေးမှုများဆောင်ရွက်
Mar 06,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူပေါင်း (၃၆၉)ဦးရှိ
Mar 06,2024
တံတားဦခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-ခုနှစ် ၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၉) ဦးတို့က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန်အတွက် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ်ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းလုပ်ငန်းဆောင်ရွက်
Mar 06,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဆင်မ်ဆာ့ကွက်သစ်ရှိ ဆုဝေ စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းလုပ်ငန်းကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ပြုလုပ်ကျင်းပ
Mar 06,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ရေရရှိရေးလုပ်ငန်း ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၃၀၆)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်၌ အ.ထ.က(ပေါက်ခေါင်း)တွင် စာစစ်ဌာန(၁)ခုဖွင့်လှစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၃၀၆)ဦးစာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ကျောင်းသား/သူ (၉၄) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာန(၃)ခု၌ ကျောင်းသား/သူ (၉၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Mar 06,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း…
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် ၄၅ လမ်းကြား၊ ၁၁၆ လမ်းနှင့် ၁၁၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး စစ်ရေးပြကွင်း၌ ယနေ့ နံနက် ၈:၀၀ နာရီအချိန်က မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့အဆင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9441
Page
9442
Page
9443
Page
9444
Current page
9445
Page
9446
Page
9447
Page
9448
Page
9449
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department