ဒေးဒရဲ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း စာအုပ်ပါ အဆင်သင့်ပြင်နှင့် ပေရော့ဆောင်းပါးနှင့် ခွန်အားလေးပါးဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် ခေတ်မီဆက်သွယ်ရေးကိရိယာတွေကြောင့် လူသားတွေဟာ အရင်ကထက်ပိုပြီး နီးကပ်လာသလိုလိုနဲ့ ပို၍ဝေးကွာလာပါပြီ သွားရမည့်ခရီးစဥ်အတွက် လေဆိပ်မှာစောင့်နေတဲ့ ခရီးသည်တွေဟာ ဧည့်ခန်းမှာ အချိန်စောင့်ရင်း ဘေးလူကိုစကားမပြော သတိမထားမိ ဖုန်းကိုပဲ သဲကြီးမဲကြီးကလိနေကြပါကြောင်း၊ ကောင်းရာသုံးပါက ကောင်းကျိုးတွေ မိုးထိအောင် လှေကားထောင် တက်သွားနိုင်သလို ပျော်ရွှင်မှုနောက်လိုက်ပြီး စွဲလမ်းမိပါက နွံထဲကျသွားမှာဖြစ်ကြောင်း၊ ဖုန်းကိုကိုင်ထားပါက မိမိကိုယ်ကို ဆုံးမနိုင်ရမည်ဖြစ်ပါကြောင်းနှင် ပညာဗလ၊ ဝီရိယဗလ၊ အပြစ်ကင်းခြင်းခွန်အားနဲ့ စည်းရုံးရေးစွမ်းရည် စသည့် ခွန်အားလေးပါး ရှိပါကြောင်း ပညာပြည့်ဝနှလုံးလှဖို့ လိုပါကြောင်း ပညာနုံနဲ့ရင် လူရာမဝင် လူချင်းယှဥ်ရရင် ပညာသာသူက အနိုင်ရမှာဖြစ်ပါကြောင်း၊ ပညာနည်းပါက ဝေးကွာတဲ့ပန်းတိုင်ကို ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံး များသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အေဇာလင်း