Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့နယ်တွင် သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းငါးမျိုးစိုက်ထည့်
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြံခင်းမြို့နယ်တွင် ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ကြံခင်းမြို့နယ် ချောင်းဝရပ်၊ ဘိလပ်မြေဆိပ်ကမ်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်းဖြစ်သော အဆင့်မြင့်(စက်ချုပ်)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းစံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် စီမံကိန်းခေတ်မှီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း အဆင့်မြင့်(စက်ချုပ်)" သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက ကျားကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ အမက(၅) အလက(ခွဲ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမက(၅)အလက(ခွဲ)ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းအထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၅း၀၀ က မြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၃၉)ကျောင်းမှ ကျောင်းသူ (၃၆၂၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 19,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဖလား အသက် ၁၆ နှစ်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဖလား၊ အသက် ၁၆ နှစ်အထက် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ မိုးရာသီ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ (၃)နာရီက မြို့နယ်အားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းစတင်ဆောင်ရွက်
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်း၌
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Sep 19,2023
“အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနား”ကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9430
Page
9431
Page
9432
Page
9433
Current page
9434
Page
9435
Page
9436
Page
9437
Page
9438
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department