ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကာတွန်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း မတ် ၂၀

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ပန်းချီပညာကို လေ့လာတတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ကာ ကာတွန့်ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၈) နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြပန်းချီဆရာမ ဆုပြည့်က အခြေခံကာတွန်းရေးဆွဲနည်းများကို စာတွေ့/ လက်တွေ့ သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး တက်ရောက်ခဲ့ပြီ သင်တန်းကာလမှာ မတ်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ နံနက် (၈) နာရီမှ (၁၀) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လှလှနွယ်