လယ်ဝေး မတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးကျော်သူ၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်အောင်ဝင်းစိုးတို့က လမ်းအလယ်တွင်မောင်းခြင်း၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်း၊ ဦးထုပ်မဆောင်းခြင်းများအား ဖမ်းဆီးအရေးယူ၍ စည်းကမ်းမဲ့ယာဉ်များမရှိစေရေးနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။
လုပ်ငန်းညှိနိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန္ဒာကျော်၊ မြို့နယ်လမ်းဦးစီး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီဥက္ကဋ္ဌ၊ မြို့နယ် မ.ထ.သ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဥ်ထိန်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)