Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ ပဲမျိုးစုံသီးနှံစုပေါင်း ရောင်းချပွဲပြုလုပ် ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ပြုံးပျော်ရွှင်
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပ ပြုလုပ်သည့် ပဲမျိုးစုံသီးနှံ စုပေါင်းရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ကံသာကြီးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြပြီး လာရောက်ရောင်းချသည့် တောင်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ် စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ စာစစ်ဌာန (၂) ခု၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေး တာဝန်ရှိသူများ စစ်ဆေး
Mar 11,2024
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်ဦးစီး၍ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့အဝင်ဂိတ်တွင် စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Mar 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆို
Mar 11,2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ် ၁၁ ရက် နံနက်ပိုင်းမှ ၁၉ ရက်ထိ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန ၄ ခုတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ Summer School ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ Summer School ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပရဟိတလုပ်ငန်းတွင် စိတ်ဝင်စားသူများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃ -၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပပြီး ပထမနေ့အဖြစ် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်အနေဖြင့် စာစစ်ဌာန (၆) ခုဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9391
Page
9392
Page
9393
Page
9394
Current page
9395
Page
9396
Page
9397
Page
9398
Page
9399
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department