ချောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထ​မနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ချောက် ​မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်စာဘာသာရပ်တွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၅၆)ဦး၊ ကျောင်းသူ (၁၉၄)ဦး၊ စုစုပေါင်း (၃၅၀)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ (၁၄)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၆.၁၅ ရာခိုင်နှုန်း ​ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲကျင်းပချိန်အတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေဖြိုးဇော်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ တက္ကသိုလ်ဝင်စာ​မေးပွဲကြီးကြပ်​ရေး  တာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က စာစစ်ဌာန ကျောင်းဝင်းပြင်ပနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့် စာဖြေခန်းအသီးသီးတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် လုံခြုံရေးတာဝန်များကို ခွဲဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)