ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ် စတင်ဖြေဆို

ဇီးကုန်း မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ စာစစ်ဌာန (၂) ခု၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ယနေ့ဖြေဆိုသော (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဇီးကုန်းမြို့နယ်၌ အ.ထ.က(ဇီးကုန်း) စာစစ်ဌာနတွင် (၃၇၇) ဦး၊ အ.ထ.က (လေးမျက်နှာ) စာစစ်ဌာနတို့တွင် (၁၀၂) စတင်ဖြေဆိုလျက်ရှိရာ စုစုပေါင်း (၄၇၉) ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉) ဦးရှိပြီး၊ ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၁၆ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်း၍ ဌာနဆိုင်ရာအဖွဲ့များသည် သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)