အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပရာ ရွှေကျင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာပေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အ-ထ-က (ရွှေကျင်) ကျောင်း စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ ကျောင်းသူ (၃၆၉) ဦးအနက်မှ ယနေ့ ဖြေဆိုသော မြန်မာစာနေ့တွင် (၂၂) ဦး‌ ဖြေဆိုရန်ပျက်ကွက်သဖြင့် ကျောင်းသား/ ကျောင်းသူ (၃၄၇) ဦးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က(ခန္တီး)စာစစ်ဌာနတွင် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မုံရွာမြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အလုံ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် မတ်လ(၁၁)ရက်နေ့ ယနေ့နံနက်မှစပြီး မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူလေးများ စိတ်အေးချမ်းသာစွာ‌ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Mar 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ နားမေတ္တာရပ်၊ တပ်ဉီးနန္ဒဝန် ကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူတော် ရှစ်မျက်နှာဆုတောင်းပြည့်စေတီတော်မြတ် (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန(၂)ခုတို့၌ ကျောင်းသား/သူ(၄၅၈)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးထံမှ သိရသည်
Mar 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့်ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် မှာကြားချက်များနှင့်အညီ ပြည် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဝါးတောကျေးရွာ ရွှေငါးကြင်းပေါ် ဘုရားဓမ္မာရုံတွင် ဆည်ကြီးကုန်းဆည် (ကျေးလက်ဆည်ထိန်းသိမ်းရေး ကော်မတီမှ ထိန်းသိမ်းထားသည့်ဆည်)ရေဖြင့် နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။