၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဒိုက်ဦးမြိုမှ ကျောင်းသား/ကျောင်းသူ (၂၅၂)ဦး ဝင်ရောက်ဖြေဆို

ဒိုက်ဦး မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့တွင် မြန်မာစာဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၂၅၂ )ဦး ဝင်ရောက်ဖြေဆိုနေကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေဆိုသူ ကျား(၉၁)ဦး၊ မ(၁၃၉)ဦး စုစုပေါင်း (၂၃၀)ဦး၊ ပြင်ပဖြေဆိုသူ ကျား(၃)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း (၂၅၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအား မြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူးနှင့် ဆရာ/မများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များက ကျောင်းသား/သူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို အကူအညီပေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)