သနပ်ပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူများ စတင်ဖြေဆို

သနပ်ပင် မတ် ၁၁

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ.ထ.က (သနပ်ပင်) စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းကဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ စည်ကမ်းချက်များနှင့်အညီ စနစ်တကျ ဝင်ရောက်ဖြေလျက်ရှိသည်။

အဆိုပါစာမေးပွဲဖြေဆိုခြင်းကို သနပ်ပင်စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုရာ ကျောင်းတွင်း ဖြေဆိုသူ (၁၈၉) ဦး၊ အပြင်ဖြေဆိုသူ(၃)ဦး စုစုပေါင်း(၁၉၂)ဦးရှိပြီး မြန်မာစာဘာသာရပ်အား ကျောင်းတွင်းဖြေဆိုသူ ကျား(၆၉) ဦး၊ မ(၁၁၇) ဦး၊ စုစုပေါင်း (၁၈၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ အတွင်းဖြေ ကျား ()ဦး၊ အပြင်ဖြေ ကျား(၁)ဦး၊ စုစုပေါင်း (၄) ဦးပျက်ကွက်ခဲ့ပြီး၊ ‌ဖြေဆိုသည့် ရာခိုင်နှုန်း (၉၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)