လှည်းကူးမြို့နယ်တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်သတင်ဖြေဆို

လှည်းကူး မတ် ၁၁

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လှည်းကူးမြိုနယ်အတွင်းရှိ စာစစ်ဌာန (၇) ဖြစ်သော အ.ထ.က (လှည်းကူး)၊ အ.ထ.က (ဖောင်ကြီး)၊ အ.ထ.က (အင်းတိုင်)၊ အ.ထ.က (ရဲမွန်)၊ အ.ထ.က (ငါးဆူတောင်)၊ အ.ထ.က (ဒါးပိန်)၊ အ.ထ.က (ငွေနံ့သာ)တို့တွင် စာရင်းရှိကျောင်းသား (၆၃၀) ဦး၊ ကျောင်းသူ (၇၁၆) ဦး၊ စုစုပေါင်း (၁၃၄၆) ဦးဖြစ်ပြီး၊ ကျောင်းတွင်း/ ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၆၀၁) ဦး၊ ကျောင်းသူ (၆၉၀) ဦး၊ စုစုပေါင်း (၁၂၉၁) ဦး၊ ပျက်ကွက်ကျောင်းသား (၂၉) ဦး၊ ကျောင်းသူ (၂၆) ဦး၊ စုစုပေါင်း (၅၅) ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၅.၉၁) ရာနှုန်းတို့က အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာစစ်ဌာနများတွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)