တိုက်ကြီး မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၇၄၀) ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) စာစစ်ဌာနတွင် ကျောင်းသား (၁၂၄) ဦး၊ ကျောင်းသူ (၁၆၆) ဦး၊ ပေါင်း (၂၉၀) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံ) စာစစ်ဌာနတွင် ကျောင်းသား (၇၀)ဦး၊ ကျောင်းသူ (၁၂၃) ဦး ပေါင်း (၁၉၃)၊ အခြေခံပညာအထက်တန်းကျောင်း (ဖလုံ) စာစစ်ဌာနတွင် ကျောင်းသား (၁၆)ဦး၊ ကျောင်းသူ (၂၂)ဦး ပေါင်း (၃၈)ဦး၊ အခြေခံပညာအထက်တန်းကျောင်း (တော်လတီ) စာစစ်ဌာနတွင် ကျောင်းသား (၁၈) ဦး၊ ကျောင်းသူ (၂၉) ဦး၊ ပေါင်း (၄၇) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတွင် ကျောင်းသား (၇၀) ဦး၊ ကျောင်းသူ (၁၀၂) ဦး၊ ပေါင်း (၁၇၂)ဦး ဝင်ရောက်ဖြေဆိုသည်။ စာစစ်ဌာန (၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ( ၂၉၈ )ဦး၊ ကျောင်းသူ (၄၄၂) ဦး၊ စုစုပေါင်း (၇၄၀)ဦး ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၁၄) ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း (၂၃) ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၆.၉၉%) ရှိသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)