ဥတ္တရသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၆၃၈ ဦးဖြေဆို

ဥတ္တရသီရိ မတ် ၁၁

၂၀၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်သည်။

ဥတ္တရသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(တောင်ညို)၊ အခြေခံပညာအထက်တန်းကျောင်း (ငန်းစပ်)၊ အခြေခံပညာ အထက်တန်းကျောင်း (မင်းကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း (သရက်တော)၊ အခြေခံပညာအထက်တန်းကျောင်း (မိုးစွေ) စသည့် စာစစ်ဌာန ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၆၆၁ ဦး စာရင်းပေးသွင်းထားပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ ၆၃၈ ဦးဖြေဆိုကာ ၂၃ ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူဦးရေ ၉၆ ၅၂ ရာခိုင်နှုန်းဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)