ကွမ်းခြံကုန်း မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီက အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုနေကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(၁) ကျောင်းစာစစ်ဌာနတွင် မြန်မာစာ ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား (၁၁၀)ဦး၊ ကျောင်းသူ (၁၃၂)ဦး၊ စုစု ပေါင်း(၂၄၂)ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား (၁၀၃)ဦး၊ ကျောင်းသူ (၁၂၈)ဦးစုစုပေါင်း (၂၃၁)ဦး ဖြေဆိုကြရာ ၉၅ ဒသမ ၄၅ ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ကျောင်းသား (၇)ဦး၊ ကျောင်းသူ(၅)ဦး စုစုပေါင်း(၁၃)ဦး ပျက်ကွက်ရာခိုင်နှုန်း (၄.၅၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)