သန်လျင်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ရန်ကုန် မတ် ၁၁

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့စတင်ကျင်းပရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ စာစစ်ဌာနဖြစ်သော အ.ထ.က (၁) သန်လျင်တွင် စတင်ဖြေဆိုခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ ခရိုင်ပညာရေးမှူးဦးဘသန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်း၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးနှင့် ဆရာ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးကြသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် သန်လျင်မြို့နယ်မှဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ (၇၂၄) ဦးရှိရာ ယနေ့စတင်သောနေ့တွင် ဖြေဆိုသော မြန်မာစာဘာသာရပ်နေ့တွင် (၆၉၅) ဦး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၅.၉၉) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ခရိုင် (ပြန်ဆက်)