ဂွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာရပ် စတင်ဖြေဆို

ဂွ မတ် ၁၁

၂၀၂၄ ခုနှစ်၊  တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်းဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စာစစ်ဌာန (၃)ခုတွင် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာ အလယ်တန်းကျောင်း(မြို့သစ်)၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ကျိန္တလီ)၌   ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ လာရောက်ဖြေဆိုသူ  အတွင်း ဖြေ ကျောင်းသား/ကျောင်းသူ(၃၅၃)ဦးနှင့် အပြင်ဖြေ ကျောင်းသူ(၉)ဦး စုစုပေါင်း(၃၆၂)ဦးရှိပြီး ပျက်ကွက်ဦးရေမှာ  အတွင်းဖြေ ကျောင်းသား/ကျောင်းသူ (၇)ဦးနှင့် အပြင်ဖြေ ကျောင်းသူ(၁)ဦး စုစုပေါင်း(၈)ဦးဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ရွှေရည်ဝင်းကျော်