ကျောက်တလုံးကြီး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှ စတင်၍ အ.ထ.က ကျောက်တလုံးကြီးစာစစ်ဌာနတွင် စတင်ဖြေဆိုကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမှုအနေဖြင့် အ.ထ.က ကျောက်တလုံးကြီး၊ အ.ထ.က(ခွဲ) နောင်ခဲ၊ ဆောင်းဖိုး၊ ပင်တွန်ကျောင်းများမှ စာရင်းပေးသွင်းထားသူ (၆၁)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၁)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့(မြန်မာစာ)ဘာသာရပ်ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း