မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ​ကျောင်းသား​လေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေး

​မော်လမြိုင် မတ် ၁၁

မွန်ပြည်နယ်အတွင်း အ​ခြေခံပညာအဆင့်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ​​​မော်လမြိုင်မြို​ပေါ်ရှိ အမှတ် (၁၂) ခြေခံပညာအထက်တန်းကျောင်း၊ အ​ခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့​ ရောက်ရှိခဲ့ပြီး ​​တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ​ကျောင်းသား​လေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ ​ကျောင်းသူ၊ ​ကျောင်းသား​လေးများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်​ပေးကြရန်၊ စာမေးပွဲကိုအောင်မြင်စွာ ​ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားခဲ့သည်။

မွန်ပြည်နယ်အ​နေဖြင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၀) ခုရှိရာ ဝင်​ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစု​ပေါင်း (၆၀၁၅) ဦး စာရင်းရှိပြီး၊ ယနေ့ ဝင်ရောက်ဖြေဆိုသူ (၅၇၆၇) ဦး၊ ပျက်ကွက်သူ (၂၄၈) ဦး၊ ​​ဖြေဆိုသည့် ရာခိုင်နှုန်း (၉၅ ဒဿမ ၈၈ရာခိုင်နှုန်း) ရှိ​ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ​ကျောင်းသား​လေးများ စိတ်အေးချမ်းသာစွာနှင့် ​ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆို​နိုင်​ရေး ​ဆောင်ရွက်​ပေးလျက်ရှိပါကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)