မြဝတီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ  စတင်ဖြေဆို

မြဝတီ မတ် ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ၌  မြန်မာစာဘာသာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၉၄ ဦး ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြဝတီမြို့နယ်အတွင်းရှိ   အခြေခံပညာ အထက်တန်းကျောင်း များနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲတို့မှ အထက (၁) မြဝတီစာစစ်ဌာန၌  ကျောင်းတွင်း ဖြေဆိုသူ   ဇီဝဗေဒဘာသာတွဲ ၅၂ ဦး၊ ဘောဂဗေဒဘာသာတွဲ ၂၁၇  ဦးနှင့်  ဝိဇ္ဇာဘာသာတွဲ ၉ ဦး၊  ကျောင်းပြင်ပအလွတ် ဖြေဆိုသူဇီဝဗေဒဘာသာတွဲ ၆ ဦးနှင့် ဘောဂဗေဒဘာသာတွဲ  ၁၀  ဦးရှိကာ မြန်မာစာဘာသာတွင် ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း ၂၉၄ ဦးရှိပြီး  ဖြေဆိုသူအားဖြင့် စာရင်းရှိ ၃၂၅  ဦးတွင် ပျက်ကွက်သူ ၃၁ ဦးရှိ၍ ဝင်ရောက်ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ဇာဖြူဝင်း(ပြန်/ဆက်)