သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

သာယာဝတီ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) သာယာဝတီစာစစ်ဌာနနှင့် အ.ထ.က (သုံးဆယ်) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၂) ခုဖြင့် ဖွင့်လှစ်ထားရှိပြီး မတ်လ ၁၁ ရက် နံနက် ၉ နာရီအချိန်က မြန်မာစာဘာသာရပ်အေးချမ်းစွာ စတင်ဖြေဆိုကျင်းပလျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၅၆၀) ဦးဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားရှိပြီး ယနေ့မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၃၆) ဦး ဝင်ရောက်ဖြေဆိုခဲ့၍ (၂၄)ဦးပျက်ကွက်ခဲ့ကြောင်း ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၅.၇၁%) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဦးဆောင်ပြီး၊ မြို့နယ်ပညာရေးဌာနနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပေါ်လာပါက အလွယ်တကူအဆင်သင့်ဖြေဆိုနိုင်ရန် အရန်ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ဖြေဆိုပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)