လှိုင်သာယာ(အနောက်ပိုင်း) မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၄၈၃)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၏ စာစစ်ဌာနဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းနှင့်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ရှိရင်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ပေါင်း(၅၁၅)ဦးရှိရာ လာရောက်မဖြေဆိုသည့် ကျောင်းသား / ကျောင်းသူ (၃၂)ဦး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၈၃)ဦး ရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၃.၇၉%) ရှိကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့်အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)