မတ္တရာ မတ် ၁၃
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်းတွင် ကျင်းပဖြေဆိုလျက်ရှိရာ မတ်လ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ဘာသာရပ်ကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က (မတ္တရာ) စာစစ်ဌာနတွင် ဆက်လက်ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျား(၁၁၈)ဦး၊ မ(၂၀၃)ဦး စုစုပေါင်း(၃၂၁) ဦးရှိပြီး အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ကျား(၁၀၈)ဦး၊ မ(၁၉၁)ဦး စုစုပေါင်း(၂၉၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၁၅% ရှိခဲ့သည်။ ကျား(၁၀)ဦးနှင့် မ(၁၂)တို့မှာ လာရောက်ဖြေဆိုခြင်းမရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ လုံခြုံရေးတာဝန်များ ချထားဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)