သပိတ်ကျင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေးလုပ်ငန်းများ၊ မီးဘေးလုံခြုံရေးနှင့် အပြင်စည်းလုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)