သံဖြူဇရပ် မတ် ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား စုပေါင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ တပ်နယ်မှူးရုံး (ဝဲကလိ) တွင် ကျင်းပပြုလုပ်သည်။
ထိုသိုပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူတို့က အသင့်စားသုံးနိုင်သော ငါးခြောက်ကြော် (၂၀၀) ဘူး၊ ကော်ဖီမစ်အထုပ် (၆၇) ထုပ်၊ ခေါက်ဆွဲခြောက် (၅၇၆) ထုပ်၊ ငပိထောင်း (၁၀) ဘူး၊ ပဲလှော် ၂ ပိဿာ၊ ဆဖွန်ဆာ၊ ရေသန့်ဘူးများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆေးလိပ်၊ လက်ဖက်ခြောက်၊ ခြင်ဆေးခွေ၊ ဆပ်ပြာဆီများကို ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးကြီးဗညားဝင်း ဦးဆောင်သောတပ်မတော်သားများနှင့် တပ်ဖွဲ့ဝင်မိသားစုများက လက်ခံဆောင်ရွက်ခဲ့ကြပြီး၊ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)