ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ဆက်လက်ဖြေဆို

ကျိုက်ထို မတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၃) ခုတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒဘာသာရပ်ကို ကျိုက်ထိုမြို့ရှိ စာစစ်ဌာန (၃) ခု၌ စာရင်းပေးသွင်းသူ (၄၂၇) ဦးအနက်လာ‌ရောက်ဖြေဆိုသူ (၄၁၀) ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၆.၀၂) ရာခိုင်နှုန်းနှင့် ပထဝီဝင်ဘာသာရပ်ကို စာရင်းပေးသွင်းသူ ((၆၃) အနက် လာရောက်ဖြေဆိုသူ (၅၁) ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၀.၉၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ပညာ‌ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုအပ်သည်များကို ကူညီ‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)