နေပြည်တော် မတ် ၁၅
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် နောင်ချိုမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၆၂)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၄၅)ရာခိုင်နှုန်း၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၀)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၆)ရာခိုင်နှုန်း၊ နောင်တရားမြို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၅၆)ဦး၊ မိုင်းဆတ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၄)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၉၅)ရာခိုင်နှုန်း၊ မက်မန်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၈)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၅.၇၁)ရာခိုင်နှုန်း၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၄)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၉)ရာခိုင်နှုန်း၊ ညောင်ရွှေမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၇၄၂)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၄၁)ရာခိုင်နှုန်း၊ ပင်လောင်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၅၉)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၈)ရာခိုင်နှုန်း၊ ကလောမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၁၆)ဦး၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၃၀)ဦး၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၇၄)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၉၃)ရာခိုင်နှုန်း အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်/ဆက်