ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ဗန္ဓုလလမ်း လမ်းသားတိုးချဲ့ခြင်းနှင့် ကွန်ကရိခင်းခြင်းလုပ်ငန်းဆောင်ရွက်

ဒဂုံမြောက် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီသည် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဗန္ဓုလလမ်း (ဗိုလ်မှူးဗထူးလမ်းမှ ရာဇသင်္ကြန်လမ်းကြား) လမ်းသားတိုးချဲ့ခြင်းနှင့် ကွန်ကရိခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာလမ်းတံတားဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဗန္ဓုလလမ်း (ဗိုလ်မှူးဗထူးလမ်းမှ ရာဇသင်္ကြန်လမ်းကြား) လမ်းအရှည် ၄၃၆၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၈ ပေရှိပြီး တိုင်းဒေသကြီးဘက်ဂျက်ဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ကျငွေ ကျပ်သန်း ၄၇၀.၈၈၀ ဖြင့် အပြီးသတ်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်သည်။

လမ်းပြုပြင်ဆောင်ရွက်ပြီးပါက အမှတ် (၄၆) ရပ်ကွက်နှင့် (၄၉) ရပ်ကွက်‌နေ ပြည်သူများ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာလမ်းတံတားဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ