နေပြည်တော် မတ် ၁၅
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၀၃)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၅၄၂)ရာခိုင်နှုန်း၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၃၄၂) ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၉၆) ရာခိုင်နှုန်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၃၄၂) ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၉၆) ရာခိုင်နှုန်း၊ ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၃၂) ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၃၁) ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၃၀) ရာခိုင်နှုန်း အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်/ဆက်